အဝေးပြေးကားဂိတ်တွေအနေနဲ့ ခရီးသည်တွေကို ကားလက်မှတ်ရောင်းချတဲ့အခါ ၎င်းခရီးသည်တွေရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို တောင်းခံပြီးမှသာ လက်မှတ်ရောင်းချဖို ပိုဆောင်ရေးစီမံကိန်းဦးစီးဌာနက ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို ရိုးသားစွာ ခရီးသွားလာကြသူများက ထောက်ခံကြိုဆိုကြောင်း MHT ကိုပြောပါတယ်။
” ဒါက သိပ်ကောင်းတဲ့အစီအစဥ်ပဲ။ လက်မခံနိုင်စရာဘာမှမရှိဘူးလေ။ ကိုယ်က ရိုးရိုးသားသား ခရီးသွားတာဆိုရင် ကိုယ်ရေးအချက်အလက် မကလို နေတဲ့အိမ်ပါ လိုက်ပြဆိုလည်း ပြရဲရမှာပေါ့ ကိုယ်ဘက်က မရိုးသားရင်တော့ အခုစည်းကမ်းသတ်မှတ်ချက်အပေါ် ကျေနပ်ကြမှာမဟုတ်ဘူးပေါ့ ကျွန်တော်တိုကတော့ ရိုးသားစွာ ခရီးသွားတာဖြစ်လို ဘာမှမပေးနိုင်စရာ အကြောင်းမရှိဘူး။” လိုခရီးသွားလာနေတဲ့ ပြည်သူတစ်ဦးက ပြောပြခဲ့တာပါ။
လက်ရှိမှာ အကြမ်းဖက်အုပ်စုတွေက အဝေးပြေး ခရီးသည်တင်ကားတွေကို အသုံးချပြီး လက်နက်သယ်ဆောင်တာတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာပဲဖြစ်ပါတယ်။
#mhtnews
Recent Comments