စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြိုနယ်၊ မလဲသာကျေးရွာ၌ သြဂုတ် ၅ ရက်တွင် လုံခြုံရေးတပ်ဖွဲမှ အများပြည်သူ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်အုပ်စုတစ်ခုနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါထိတွေ့မှုအတွင်း လုံခြုံရေးအဖွဲဝင်များမှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက် NUG နောက်မြီးဆွဲများ ထိခိုက်မှုများစွာဖြင့် ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက် ၈ ကောင်ကို အသေဖမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။
အလားတူ အဆိုပါ အကြမ်းဖက်ကောင်များထံမှ M- 16 သေနတ် ၂ လက်၊ M- 22 သေနတ် ၂လက်၊ ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ (၆) ခု၊ ကျည်မျိုးစုံ (၂၅၀)တောင့်၊ ရှော့တိုက်ဗုံးသီး (၄)လုံး၊ စင် (၁) ခုနှင့် ဓားပြတိုက်ယူထားသည့် ကား ၂ စီး တိုကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
#mhtnews
Recent Comments