
“အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့် ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန် အသုံးပြုမည်”
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်၍ နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားမှုအရ သိရသည်။
ယမန်နေ့ကပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားစဥ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အလားတူ ဗိုလ်ချုပ်မှူးကြီးက ထိုသို့ဆောင်ရွက်ရာတွင် လယ်ယာစီးပွား မြှင့်တင်ရေးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေး မြှင့်တင်ရေးဟူ၍ နှစ်မျိုးခွဲမြှင့်တင်ဆောင်ရွက်နိုင်ရန် စဉ်းစားဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူစဉ် အစောပိုင်းကာလများ၌ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများ၊ စီးပွားရေးအရတိုက်ခိုက်မှုများ များစွာရှိခဲ့ပြီး ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်မှုပျက်ယွင်းကာ နိုင်ငံ စီးပွားရေးပြိုလဲ သွားစေလိုသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျက်ရှိသည့် ပြည်တွင်း၊ ပြည်ပမှ အနှောင့်အယှက်မျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
Recent Comments