တိုင်းရင်းသားလက်နက်ကိုင်အဖွဲ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြိုနယ်မှ PDF အဖွဲဝင်များကို ၎င်းတို၏ မိဘအုပ်ထိန်းသူများထံသို ထပ်မံလွှပြောင်း ပေးအပ်ခြင်းကို ယမန်နေ့တွင် ဆင်ပေါင်ဝဲမြိုနယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပြုလုပ်ခဲ့သည်။

ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ဥပဒေဘောင် အတွင်းဝင်ရောက်ခဲ့သည့် PDF အဖွဲဝင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတိုကို ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို၏ မိဘအုပ်ထိန်းသူများထံသို လွှပြောင်းအပ်နှံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု သိရသည်။
#mhtnews