အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်၊ စင်စင်နာတီမြိုမှာရှိတဲ့ အမေရိကန် စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) အဆောက်အအုံဝင်းအတွင်း ဝင်ရောက်ဖိုကြံစည်တယ်ဆိုပြီး အမျိုးသားတစ်ဦးကို အမေရိကန်ရဲတွေက အသေပစ်ခတ် ဖမ်းဆီးလိုက်တဲ့ဖြစ်စဥ်တစ်ခု ယမန်နေ့ (သြဂုတ် ၁၁ ရက်)မှာ ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။
ပစ်ခတ်မှုကြောင့် သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ရဲတပ်ဖွဲက ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် နယူးယောက်တိုင်းမ်စ်နဲ့ အန်ဘီစီ သတင်းဌာနတိုက သေဆုံးသူမှာ အသက် ၄၂ အရွယ်ရှိ ရစ်ကီရှစ်ဖာဆိုသူဖြစ်တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့မှာ သမ္မတဟောင်းထရမ့်ရဲ့ ဖလော်ရီဒါပြည်နယ်က Mar-a-Lago အိမ်ကြီးကို FBI တိုက စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။
#mhtnews
Recent Comments