အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မိုးကြိုးမုန်တိုင်းများ တိုက်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ လေကြောင်းခရီးစဉ်ပေါင်း ၁,၂၁၃ ခုကို ဖျက်သိမ်းလိုက်ရပြီးနောက် ယမန်နေ့ (သြဂုတ် ၁၁ ရက်) မနက်ပိုင်းကလည်း တက္ကဆပ်စ်ပြည်နယ်က လေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်ပေါင်း ၆၀၀ ကျော် ထပ်မံဖျက်သိမ်းခဲ့ရတယ်လို သိရပါတယ်။
အဆိုပါမိုးကြိုးမုန်တိုင်းများနဲ့ တိမ်တိုက်များ ရောနှောနေမှုကြောင့် အဓိကကျတဲ့ လေယာဉ်ခရီးစဉ်တွေကို နှောင့်နှေးစေနိုင်တယ်လို ဖက်ဒရယ်လေကြောင်း အုပ်ချုပ်ရေးအဖွဲ (FAA) က ကြာသပတေးနေ့တွင်ပြောကြားခဲ့ပြီး အမေရိကန်ကိုဆိုက်ရောက်မယ့် လေယာဉ်တွေနဲ့ အမေရိကန်မှထွက်ခွာမယ့်လေယာဥ်ခရီးစဉ်စုစုပေါင်း ၂,၀၀၀ ကျော် နှောင့်နှေးခဲ့တယ်လိုဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း အမေရိကန်လေကြောင်းလိုင်းအများအပြားဟာ ဆိုးရွားတဲ့ရာသီဥတုအခြေအနေနဲ့ လုပ်သားရှားပါးမှုပြဿနာတွေကြောင့် လေယာဉ်ခရီးစဉ်ထောင်ပေါင်းများစွာကို ဖျက်ခဲ့ရသေးတယ်လို သတင်းအချက်အလက်တွေအရ သိရပါတယ်။
#mhtnews
Recent Comments