စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြိုနယ် အတွင်းမှာ ယမန်နေ့ (သြဂုတ် ၁၁ ရက်) နေ့လည် ၃ နာရီဝန်းကျင်အချိန်ခန့်က လုံခြုံရေးတပ်ဖွဲဝင်တွေ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲရာမှာ အကြမ်းဖက် NUG နောက်မြီးဆွဲတွေဆီက လက်နက်နဲ့ ဆက်စပ်အကြမ်းဖက်ပစ္စည်းတွေ ရရှိခဲ့တယ်လို လုံခြုံရေးအသိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဆိုပါဖြစ်စဥ်ဟာ ယင်းမာပင်မြိုနယ်၊ ရင်ပေါင်နိုင်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၎င်းအကြမ်းဖက်အဖွဲထဲမှာရှိတဲ့ အမာခံသတင်းပေးက KIA နဲ့ အကြမ်းဖက် NUG နောက်မြီးဆွဲတွေ ခိုအောင်းနေတဲ့နေရာကို သတင်းပေးပိုခဲ့တာလို ဆိုပါတယ်။

တိကျတဲ့သတင်းပေးပိုမှုကြောင့် NUG နောက်မြီးဆွဲ အကြမ်းဖက် ၇ ကောင်ကို အသေဖမ်းမိခဲ့ပြီး အမ်-၂၂ သေနတ် ၅ လက်၊ KIA ထုတ် ၄၀ မမ ဗုံပစ်လောင်ချာ(ဆုံလည်) ၂ လက်၊ KIA ထုတ် ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၈ လက်၊ လက်လုပ်သေနတ် ၁ လက်၊ အိမ်-၂၂ ကျည် ၂၉၄၀ တောင့်၊ ၄၀ မမ ဗုံးသီး ၃၂ လုံး၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၁ လုံးတိုကို သိမ်းပိုက်ရရှိခဲ့တာလို သိရှိရပါတယ်။
#mhtnews