ပြည်တွင်းရှိ ၀ိုင်ဖိုင်၊ ဖိုင်ဘာအင်တာနက်လိုင်းများနှင့် MPT အင်တာနက်လိုင်းများသည် သြဂုတ် ၁၀ ရက် ညပိုင်းမှ စတင်ကာ ယနေ့အချိန်အထိ နှေးကွေးပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သုံးစွဲသူများထံမှ သိရသည်။

ထိုအထဲတွင် MPT မိုဘိုင်းဒေတာများနှင့် ဖိုင်ဘာလိုင်းများမှာ အသုံးပြု၍မရတော့ဘဲ Atom၊ အော်ရီဒူး၊ MyTel စသည့် မိုဘိုင်းလ်ဒေတာများနှင့် ဝိုင်ဖိုင်များမှာတော့ ပြတ်တောက်မှုမရှိသေးဘဲ အသုံးပြု၍ ရနေသေးပြီး လိုင်းများ အလွန်နှေးကွေးနေသည်ဟု ဆိုပါသည်။

ထိုသို ဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် Sea-Me-We-5 fiber fail down ဖြစ်နေသဖြင့် လိုင်းများနှေးကွေးခြင်း၊အင်တာနက် မရတော့ခြင်းများ ဖြစ်နိုင်ကြောင်း MPT Fiber Internet Services က ထုတ်ပြန်ထားသည်။

အလားတူ စင်ကာပူမှတစ်ဆင့် ဥရောပသို ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံကလည်း ချိတ်ဆက်ထားသည့် ပင်လယ် ရေအောက်အင်တာနက်လိုင်းမှာ အပြစ်ဖြစ်ပေါ်နေပြီး အရန်ချိတ်ဆက်ထားသည့် အင်တာနက်လိုင်းမှ တစ်ဆင့် ပြန်လည်ဖြန့်ဝေနေရသဖြင့် အင်တာနက်လိုင်းများ နှေးကွေးပြတ်တောက်မှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ပြတ်တောက်နေသည့် အင်တာနက်လိုင်းကို ပြန်လည်ပြုပြင်နေသည်ဟု ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မီဒီယာအချိုကို ဖြေကြားထားသည်။
#mhtnews