မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြိုနယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ ဒဟတေ္တာဘုရားဝင်းအတွင်း၌ အကြမ်းဖက် NUG နောက်မြီးဆွဲများက ယနေ့ (သြဂုတ် ၁၀ ရက်)နံနက်ပိုင်းတွင် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုသို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၎င်းဘုရားဝင်းအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို ပိုဆောင်ပေးထားရသည်ဟုဆိုပါသည်။

အဆိုပါ အကြမ်းဖက် ၂ ဦးမှာ ဆိုင်ကယ်ဖြင့် ၃၆ လမ်းအတိုင်း အနောက်ဘက်သို မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ဖမ်းဆီးရမိရေးအတွက် ပိတ်ဆိုရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။
#mhtnews