အကြမ်းဖက်မှုလုပ်ရပ်တွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြိုနယ်က မဝေဝေလွင်ဆိုတဲ့အမျိုးသမီးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုခဲ့ပြီး ဩဂုတ် ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်ကျခံစေဖို သာယာဝတီအကျဥ်းထောင်တရားရုံးကနေ အမိန့်ချလိုက်တယ်လိုသိရပါတယ်။

ယခုလို ထောင်ဒဏ် ၁၀ နှစ်ကျခံရတော့မယ့် မဝေဝေလွင်ရဲ့ အမျိုးသားဖြစ်သူ ငြိမ်းချမ်းဝေဆိုသူဟာလည်း Bago Weekly ဂျာနယ်ရဲ့ သတင်းထောက်အမည်ခံပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုပြစ်မှုမြောက်တဲ့လုပ်ရပ်တွေ လုပ်ဆောင်မှုကြောင့် ဥပဒေပုဒ်မ ၁၂၄ (ဂ) နဲ့ ထောင်ဒဏ် ၈ နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ (က) နဲ့ ထောင် ၃ နှစ် ၃ လ ကျခံနေရတာဖြစ်ပါတယ်။
#mhtnews