ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြိုနယ်ဒူးယားကျေးရွာနဲ့ လက်ပံစုကျေးရွာအနီးမှာ ယမန်နေ့ (သြဂုတ် ၂၀ ရက်) ည ၈ နာရီအချိန်ခန့်မှာ ဆိုင်ကယ်အတွင်း ထည့်ယူလာတဲ့ ဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက် ၂ ဦး သေဆုံးသွားတယ်လိုဒေသခံတွေဆီက သိရပါတယ်။
သေတဲ့လူတွေက အသက် ၃၀ အရွယ်တွေဖြစ်ကြပြီး ဆိုင်ကယ်မောင်းနေတုန်းမှာပဲဖင်ထိုင်ခုံအောက်ထည့်လာတဲ့ဗုံးက ထပေါက်ကွဲတာလို ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို လုံခြုံရေး တပ်ဖွဲဝင်တွေ လာရောက်ခဲ့ ပြီး သေဆုံးသူ ၂ ဦးရဲ့အလောင်းတွေကို စစ်ဆေးမှုတွေပြုလုပ်ဖို ဆေးရုံကို ပိုဆောင်ပေးခဲ့တယ်လို သိရပါတယ်။
#mhtnews
Recent Comments