သီလဝါဆိပ်ကမ်းမှာ ယမန်နေ့ ( သြဂုတ် ၁၄ ရက် )က ဆီသင်္ဘောတစ်စီး စက်သုံးဆီများချခဲ့ပြီး ယနေ့ ( သြဂုတ် ၁၅ ရက်)မှာလည်း စက်သုံးဆီတင်သင်္ဘော ၄ စီးထပ်မံဆီချနေတာကြောင့် စုစုပေါင်း စက်သုံးဆီဂါလန် ၁၃ သိန်းခန့် ချခဲ့ပြီးဖြစ်တယ်လို သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ဒါအပြင် လာမည့်သြဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တိုမှာလည်း ဆီတန်ချိန် ၄ သောင်းကျော် ထပ်မံဝင်ရောက်ဖို ရှိနေတဲ့အပြင် နောက်ထပ် ဆီသင်္ဘော ၁၂ စီး ရောက်ရှိဖိုရှိနေသလို အရန်ဆီတွေလည်းရှိပြီးဖြစ်တယ်လိုဆိုပါတယ်။
ကမ္ဘာမှာ ကြီးမြင့်နေတဲ့ စက်သုံးဆီစျေးနှုန်းကို မြန်မာနိုင်ငံအစိုးရအနေနဲ့ ထိန်းချုပ်လိုမရတာကြောင့် စက်သုံးဆီနှင့်ပတ်သက်လာပါက အခွန်လျော့ပေါ့ပေးခြင်း၊ နိုင်ငံခြားငွေရောင်းချပေးခြင်းတို ကို လုပ်ဆောင်ပေးလျက်ရှိတယ်လို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
#mht news
Recent Comments