ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြိုနယ်မှာ ယနေ့ (သြဂုတ် ၁၂ ရက်) နေ့လည် ၃ နာရီဝန်းကျင်အချိန်ခန့်က လူဝင်မှုကြီးကြပ်ရေးရုံးထဲအထိဝင်ပြီး အကြမ်းဖက် ၂ ယောက်မှ သေနတ်နဲ့ဝင်ပစ်သွားတာကြောင့် ဒုတိယမြိုနယ်မှူး တစ်ဦးသေဆုံးပြီး မြိုနယ်မှူးကတော့ ဒဏ်ရာရခဲ့တယ်လို အနီးနေသူတွေဆီက သိရပါတယ်။
အကြမ်းဖက်သမားနှစ်ဦးဟာ လဝကမြိုနယ်မှူးရုံးခန်းထဲကို တိုက်ရိုက်ဝင်သွားပြီးပစ်ခတ်တဲ့အချိန်မှာ ဒုတိယမြိုနယ်မှူး ဦးအောင်ကျော်မိုး (ခ) ကျော်မိုး မှ ဝင်ရောက်လုံးထွေးစဥ် အပစ်ခံရပြီး ဆေးရုံမရောက်ခင်မှာဘဲ သေဆုံးသွားခဲ့တာဖြစ်တယ်လိုဆိုပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရရှိသွားတဲ့ မြိုနယ်မှူးကို ဆေးရုံပိုဆောင်ထားပြီး အဲဒီအနီးပတ်ဝန်းကျင်မှာ ပိတ်ဆိုရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးဘူးလို သိရပါတယ်။
#mhtnews
Recent Comments