
“ဝန်ထမ်းများ ပင်စင်ယူချိန်မှာ နေထိုင်စရာအိမ်ရာများရှိဖို့နဲ့ ပြည်သူများအတွက်လည်း တန်ဖိုးသင့်အိမ်ရာများရရှိဖို့ စဉ်းစားဆောင်ရွက် ပေးရမယ်လို့ နစက ဥက္ကဋ္ဌပြောကြား”
ဝန်ထမ်းများ ပင်စင်ယူချိန်မှာ နေထိုင်စရာအိမ်ရာများရှိဖို့နဲ့ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်း များအတွက် ဝန်ထမ်းအိမ်ရာများရရှိဖို လိုအပ်သလို ပြည်သူများအတွက်လည်း တန်ဖိုးသင့်အိမ်ရာများရရှိဖို့ လိုအပ်တာကြောင့် ရေရှည်အတွက်စဉ်းစား၍ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ယမန်နေ့က ၃ ရက်မြောက်အဖြစ် ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
ဒါ့အအြင် ဗိုလ်ချုပ်မှူးကြီးက ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ သတင်းများမှန်ကန်ဖို့နဲ့ မြန်ဆန်ဖို့လိုအပ်ကြောင်း၊ သတင်းမှန်များကို ပြည်သူများသိရှိစေရေး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ဖို့လိုကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
အဲဒီနောက် မြန်မာ့ရိုးရာဂီတနဲ့ အနုပညာယဉ်ကျေးမှုများကို ထိန်းသိမ်းရန် ကျင်းပပြုလုပ်မည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ဖို့လိုကြောင်း၊ ပြည်သူများ အထွေထွေဗဟုသုတကြွယ်ဝစေဖို့အတွက် စာပေများ ဖတ်ရှုနိုင်ရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ကြစေလိုကြောင်းဖြင့်လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
#mhtnews
Recent Comments