စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြိုနယ်မှာ ယမန်နေ့ (သြဂုတ် ၁၃ ရက်) မွန်းလွဲ ၁၂ နာရီအချိန်ခန့်မှာ အကြမ်းဖက် NUG လက်ပါးစေများမှ သတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အာမို စိုက်ပျိုးရေးသုံးပစ္စည်းကုမ္ပဏီဝန်ထမ်း ၂ ဦးရဲ့ ရုပ်အလောင်းတွေကို တွေရှိခဲ့တယ်လို လုံခြုံရေးမသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အဆိုပါ ရုပ်အလောင်းတွေကို ဝက်လက်မြိုနယ်၊ စိုင်နိုင်လေးကျေးရွာအနီး ရွှေဘို-မန္တလေးကားလမ်းဘေးမှာ လာရောက်စွန့်ပစ်ထားကို တွေ့ရှိခဲ့တာလို ဆိုပါတယ်။
သေဆုံးသွားသူနှစ်ဦးဟာ အာမိုစိုက်ပျိုးရေးသုံးပစ္စည်းကုမ္ပဏီမှာအလုပ်လုပ်တဲ့ ဦးငြိမ်းသူအောင်နဲ့ ဦးအောင်ဇော်မျိုး ဆိုသူတိုဖြစ်ကြပြီး အကြမ်းဖက်အုပ်စုက လူမဆန်စွာ နှိပ်စက်ညှင်းပန်းပြီးမှ သတ်ဖြတ်လိုက်ကြတဲ့အနေအထားရှိတယ်လို သိရပါတယ်။
#mhtnews
Recent Comments