ဆူဒန်နိုင်ငံ ခါတွမ်မြိုမှ အီသီယိုးပီးယားနိုင်ငံ အဒစ္စအဘာဘာမြိုတော်သို ပျံသန်းနေသော အီသီယိုးပီးယားလေကြောင်းလိုင်းမှ လေယာဥ်မှူးနှစ်ဦးသည် လေယာဥ်မောင်းနှင်နေစဥ် အိပ်ငိုက်နေသည့် လေယာဥ်မှူးနှစ်ဦးကို အလုပ်မှ ထုတ်ပယ်လိုက်သည်ဟု ၎င်းလေကြောင်းလိုင်းမှ ကြေညာခဲ့သည်ဟု သိရသည်။
ထိုသို လေယာဉ်မှူးနှစ်ဦး အိပ်ငိုက်နေမှုကြောင့် ၎င်းလေယာဉ်မှာ အဒစ္စအဘာဘာမြိုတော် ဘိုလီနိုင်ငံတကာလေဆိပ်ပြေးလမ်းကို ကျော်လွန်ပျံသန်းခဲ့ပြီးနောက် အလိုအလျောက်မောင်းနှင်မှုစနစ် ပြတ်တောက်ချိန်ပေါ်ထွက်လာသည့် အရေးပေါ်အချက်ပေးသံကြောင့်သာ ပြန်နိုးလာခဲ့ရာမှ ဆင်းသက်နိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါ လေယာဉ်သည် ပြေးလမ်းကို ကျော်လွန်ပျံသန်းပြီး နောက် ၂၅ မိနစ်ကြာ ပျံဝဲပြီးမှသာ လေဆိပ်သို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
#mhtnews
Recent Comments