ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို ပြေးဆွဲနေသာ အဝေးပြေး ယာဉ်လိုင်းများကို လူမဲ့တန် ဆာကုန်စည် တင်ခွင့်မပြုပါက ယာဉ်လိုင်းများ ရပ်နားသွားရမည့် အခြေအနေဖြစ်လာနိုင်သည်ဟု အဝေးပြေးယာဉ်လိုင်း ပြေးဆွဲနေသူများက ပြောဆိုသည်။
ယခုအခါ အဝေးပြေးယာဉ်လိုင်းများအနေဖြင့် လုံခြုံရေးအခြေအနေအရ လူမဲ့တန်ဆာကုန်စည်များ တင်ခွင့်မပြုကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကန့်သတ်မှုများ ရှိလာသည်ဟု ပြောဆိုနေသော်လည်း အဆိုပါ လူမဲ့တန်ဆာတင်ဆောင်ခြင်းကို ယခင်ကတည်းကပင် ခွင့်မပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပိုဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ထံမှ သိရသည်။
လက်ရှိတွင် ခရီးသည်ရရှိမှု ၃၀ ရာခိုင်နှုန်းခန့်သာရှိနေပြီး ကုန်စည်ကိုသာ အဓိကထား အားကိုးနေရသဖြင့် လူမဲ့တန်ဆာများ တင်ဆောင်ခွင့်မပြုပါက အဝေးပြေးယာဉ်လိုင်းများအားလုံး ရပ်နားသွားရမည့်အခြေအနေ ဖြစ်ပေါ်နေသလို ရန်ကုန်မှတဆင့် အခြားမြိုများသို ကုန်ပစ္စည်းတင်ပိုရာ၌ ဘုရင့်နောင်ကုန်စည်ပိုဆောင်ရေးနှင့် အခြားကုန်တင်ယာဉ်များနှင့်သာ ပိုဆောင်ရတော့မည့် အခြေအနေရှိနေကြောင်း သိရသည်။
#mhtnews
Recent Comments