ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲဝင်များအနေဖြင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဆိုင်ကယ် အစီး ၁၂၀ ကို ပေးအပ်ခဲ့သည်ဟု သိရသည်။

ထိုသို ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ (ဩဂုတ် ၁၉ ရက်)တွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ၊ ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်(ကလေး)၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ဒေသကွပ်ကဲရေးမှူးမှ အဖွင့်အမှာစကားပြောကြား၍ ပြည်သူ့စစ်(ဌာနေ) အဖွဲဝင်များမှ တင်ပြလာသည့် တစ်ဦးချင်းအခက်အခဲများနှင့် နယ်မြေဒေသအခြေအနေများအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#mhtnews