ရွှေပြည်သာမြိုနယ်မှာ ဒီကနေ့ (သြဂုတ် ၁၉ ရက်) မနက်ပိုင်းက အကြမ်းဖက် NUG နောက်မြီးဆွဲအုပ်စုဟာ ရာအိမ်မှူး ၁ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး နောက်ထပ် ရာအိမ်မှူးဟောင်း ၁ ဦးကိုလည်း ပစ်ခတ်ဖမ်းဆီးခေါ်ဆောက်သွားကြတယ်လို အနီးနေသူတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့ ရာအိမ်မှူးက ရွှေပြည်သာမြိုနယ်၊ လှော်ကားကျေးရွာ၊ လှော်ကားဘုရားလေးမှတ်တိုင်အနီးမှာရှိတဲ့ နီလာဈေးမှာ ဇနီးဖြစ်သူနဲ့အတူ စျေးလာဝယ်စဥ်မှာ အကြမ်းဖက် ၂ ဦးက ၁၀ ချက်မနည်း ပစ်ခတ်သွားခဲ့တာလို ဆိုပါတယ်။
အဆိုပါဖြစ်စဥ် ဖြစ်ပွားပြီးနောက် ရွှေပြည်သာ၊ တ-၁၅ရပ်ကွက်၊ ပန်းခြံ(၁၅)မှာနေထိုင်တဲ့ ယခင်ရာအိမ်မှူးဟောင်း ဦးခင်စိုး ဆိုသူကိုလည်း အကြမ်းဖက်အုပ်စုက ဆိုင်တစ်ဆိုင်မှာ သေနတ်နဲ့ပစ်ခတ်ပြီး ဖမ်းဆီးသွားတာကြောင့် လုံခြုံရေးတပ်ဖွဲတွေက စုံစမ်းရှာဖွေမှုတွေ ပြုလုပ်နေတယ်လို သိရပါတယ်။
#mhtnews
Recent Comments