ရွှေတိဂုံစေတီတော်တောင်ဘက်မုခ် ရင်ပြင်တော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အကြိုအသံမစဲမေတ္တာပွားများပွဲကို ယနေ့ ၁၃၈၄ ခုနှစ်၊ ဝါခေါင်ဆန်း ၁၄ ရက် (သြဂုတ် ၁၀ ရက်) နံနက် ၇ နာရီမှစတင်ကာ မနက်ဖြန် ဝါခေါင်လပြည့်နေ့ နံနက် ၇ နာရီအထိ၂၄ နာရီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲမှ ကြီးမှူး၍ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲများနှင့် ဝန်ထမ်းများမှ စုပေါင်းကျင်းပခြင်းဖြစ်သည်။
မနက်ဖြန် ဝါခေါင်လပြည့်နေ့၌ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊ ပန်းစေတီလှည့်လည်ပူဇော် ကပ်လှူခြင်းနှင့် နံနက် ၉ နာရီခွဲအချိန်တွင် ရွှေတိဂုံစေတီတော်သြဝါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ နာဂိတ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက်ထံမှ ဥပုသ်သီလခံယူခြင်းများ ပြုလုပ်သွားမည်ဖြသ်ကြောင်း သိရသည်။
#mhtnews
Recent Comments