ရွှေတိဂုံစေတီတော်မြတ်ကြီးက ရွှေတွေကို ခွာပြီး ခိုးယူခဲ့တယ်လို နာမည်ထွက်ခဲ့ပြီး ရွှေပုဂံပြား လာဘ်စားမှုနဲ့ ထောင်ဒဏ် ၇ နှစ်ကျော် ချမှတ်ခံထားရတဲ့ NLD လက်ထက်က သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို မှာ နှလုံးရောဂါ မသက်သာလို ထောင်ဆေးရုံကနေ အင်းစိန်ဆေးရုံကြီးသို သြဂုတ်လ ၈ ရက်က တက်ရောက် ကုသခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

ဝန်ကြီးဟောင်း သူရဦးအောင်ကိုဟာ နှလုံးခုန်နှုန်း ပုံမှန်ထက်မြန်နေပြီး နှလုံးခုန်နှုန်း မကျတာကြောင့် အင်းစိန်ဆေးရုံမှာ လာရောက် စစ်ဆေးကုသခြင်းဖြစ်တယ်လို အမည်မဖော်လိုတဲ့ အင်းစိန်ဆေးရုံမှ ဝန်ထမ်းတဦးက ပြောပြတယ်လို ဆိုပါတယ်။

သူရဦးအောင်ကိုဟာ နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဥ်က လာဘ်စားမှုတွေ ရှိခဲ့တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ရာကနေ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ပြစ်ဒဏ်ထက်ဝက်လျှော့ လွတ်ငြိမ်းခွင့် ပြုပေးခဲ့ပါသေးတယ်။
#mhtnews