ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြိုနယ်အတွင်းရှိ အကြမ်းဖက်သမားအချိုကို အရှင်ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရယူပေးနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲဝင်များအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းစစ်ဌာနချုပ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဂုဏ်ပြုဆုငွေပေးအပ်ခြင်းကို ယမန်နေ့ (သြဂုတ် ၁၇ ရက်)က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရေတာရှည်မြိုနယ် ရေနီမြို၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲဝင်များသည် ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်တွင် မြိုလှမြို၊ စည်ပင်သာကျေးရွာလမ်းဆုံ၌ အကြမ်းဖက်အဖွဲဝင်တစ်ဦးကို ဖမ်းဆီးရမိရာမှ ၎င်း၏ဖော်ထုတ်မှုဖြင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အကြမ်းဖက်စခန်းတစ်ခုကို သိမ်းပိုက်ရရှိကာ လက်နက်မျိုးစုံ ၂၇ လက်၊ ကျည်/ခဲယမ်းမျိုးစုံ ၇၈၀ တောင့်၊ ဗုံး ၆ လုံးနှင့် ကျည်အိမ်မျိုးစုံ ၂၀ ခုတိုကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments