မကွေးတိုင်းဒေသကြီး ရေစကြိုမြိုနယ်၌ လမ်းဘေးတွင် ထန်းသီးမုန့်ရောင်းနေသူ အမျိုးသမီးတစ်ဦးကို သြဂုတ် ၉ ရက်၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က အကြမ်းဖက် NUG လက်ပါးစေများမှ အကြောင်းမဲ့ သေနတ်ဖြင့်ပစ်သတ်လိုက်ကြသည်ဟု ဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ ရေစကြိုမြိုနယ်၊ ဖူလုံကျေးရွာတွင်နေထိုင်သည့် ဒေါ်ကြည်ခိုင် ဆိုသူဖြစ်ပြီး ရေစကြို-ချောင်ဦးသွား ကားလမ်းဘေး အောင်မိုးလမ်းဆုံ၌ ထန်းသီးမုန့်ရောင်းနေစဉ် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းသိုပစ်ခတ်မှုကြောင့် ဒေါ်ကြည်ခိုင်မှာ နေရာ၌ပင် သေဆုံးသွားခဲ့ပြီး အကြမ်းဖက်တရားခံများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။
#mhtnews