အခြားနိုင်ငံများ၏လက်ကို သုံးပြုဟပြီးရုရှားအပေါ် အကြမ်းဖက်ဝါဒ တံဆိပ်ကပ်ရန် အမေရိကန်ကြိုးစားခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ မာရီယာဇာဒါရိုဗာ (Maria Zakharova) က ပြောကြောင်းခဲ့ သိရသည်။

ထိုသိုပြောဆိုခြင်းသည် ဩဂုတ် ၁၅ တွင် ပြောကြား ခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသား ဖော်ပြသည်။

ကမ္ဘာပေါ်တွင် ရုရှားကို သီးခြားအထီးကျန်စေဖို အမေရိကန်၏ မအောင်မြင်ခဲ့သည့်အစီအစဥ်ဖြစ်သည်။

အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံကို အကြမ်းဖက်ဝါဒကျင့်သုံးနေသည့် နိုင်ငံစာရင်းတွေထဲထည့်ရန်ကြိုးစားနေမူဖြစ်သည်ဟု သိရသည်။

Rossiya-1 ရုပ်သံလိုင်းမှ ထုတ်လွှင့်နေကျဖြစ်သည့် ဗလာဒီမာ ဆိုလိုယော့ဗ် (Vladimir Solovyov) အစီအစဉ်နှင့် ဗော့ရက်နီဗီချာ (Voskerensy Vecher) ကဏ္ဍတိုနှင့် အင်တာဗျူးတွင် မာရီယာဇာဒါရိုဗာက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရုရှားယဉ်ကျေးမှုနှင့် သမိုင်းအစဉ်အလာကို ဖျက်သိမ်းရန် ရည်ရွယ်၍ အနောက်အုပ်စု နိုင်ငံများသည် ရုရှားကို အထီးကျန်စေရန် ကြိုးစားမှုမှာ မအောင်မြင်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။