လာမည့် ခရီးသွားရာသီမှာ ရုရှားခရီးသည်တွေ မြန်မာနိုင်ငံကိုလာတဲ့အခါ အဆင်ပြေစေဖိုအတွက် ရန်ကုန်၊ မန္တလေးနဲ့ ပြင်ဦးလွင်တိုမှာ ရုရှားဘာသာစကားအခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (ရန်ကုန်တိုင်း) ထံမှ သိရှိရပါတယ်။

အဆိုပါသင်တန်းကို ပထမဆုံးအကြိမ်အဖြစ် ပညာရေးဝန်ကြီးဌာနနဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတိုက ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ရန်ကုန်မြိုမှာ မနက်ဖြန် (သြဂုတ် ၁၅ ရက်)မှ စတင်ကာ ( ၂ )လကြာ သင်ကြားပေးသွားမယ်လို ဆိုပါတယ်။

ရန်ကုန်သင်တန်းမှာတော့ သင်တန်းသား၊ သင်တန်းသူ (၅၅ )ဦး တက်ရောက်မှာဖြစ်ပြီး မန္တလေးနဲ့ ပြင်ဦးလွင်တိုမှာလည်း အဆိုပါသင်တန်းကို မကြာခင်မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို သိရပါတယ်။
#mhtnews