စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြိုနယ်၊ ဂွေးပင်တောကျေးရွာအနီး၊ မန္တလေး-မုံရွာကားလမ်းမှာ ယမန်နေ့ (သြဂုတ် ၁၂ ရက်) မနက်အစောပိုင်းက ရန်ကုန်-မုံရွာ ပြေးဆွဲနေတဲ့ Elite ခရီးသည်တင်ကား ၁ စီးကို အကြမ်းဖက်အုပ်စုက မိုင်းထောင်ဖောက်ခွဲပြီး ကားနဲ့ ခရီးသည်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို သိရပါတယ်။
အဆိုပါ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကားပေါ်ပါ ခရီးသည် ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ခရီးသည်တွေကိုဖမ်းဆီးပြီး ကားကိုယူသွားတဲ့ အကြမ်းဖက် NUG နောက်မြီးဆွဲ လက်နက်ကိုင်ဓားပြဂိုဏ်းကို ဖမ်းဆီးရမိရေးအတွက် နယ်မြေရှင်းလင်းရေးတွေဆောင်ရွက်ဖို လုံခြုံရေးတပ်ဖွဲဝင်တွေ သွားရောက်နေတယ်လို ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းကလည်း မြင်းမူမြိုနယ်၊ ဂွေးပင်တောကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်းမှာ အကြမ်းဖက်ဓားပြဂိုဏ်းကထောင်ထားတဲ့ မိုင်းပေါက်ကွဲလို ပုလဲ-မန္တလေး ခရီးသည်တင်ကား ထိမှန်ကာ ခရီးသည် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သေးတယ်လို သိရပါတယ်။
#mhtnews
Recent Comments