ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လူနဲ့ကားကို ပြန်ပေးဆွဲပြီး ခြိမ်းခြောက် ငွေတောင်းခံတာကြောင့် ကျပ်ငွေ သိန်းဆယ်ဂဏန်းပေးပြီး ရွေးယူခဲ့ရတဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။

အဆိုပါဖြစ်စဥ်ဟာ ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်နွယ်ခွေအပိုင်း ၄ မှာ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုယိုတာ ကိုရိုနာ အမျိုးအစားကားရဲ့ အငှားယာဥ်မောင်း ကိုဇော်ဝေဖြိုး ဆိုသူဟာ နွယ်ခွေအပိုင်း ၄ ငွေစံပယ်လမ်းထိပ် လဘက်ရည်ဆိုင်မှာ ထိုင်နေသူ သုံးဦးက ဌားရမ်းတဲ့အတွက် လိုက်ပိုခဲ့ရာကနေ ပြန်ပေးဆွဲခံရတာလို ဆိုပါတယ်။

အဲဒီလို ပြန်ပေးဆွဲရာမှာ လက်နက်နဲ့ခြိမ်းခြောက်တာမျိုးမဟုတ်ဘဲ ဆေးခပ်ခံရခြင်းဖြစ်တယ်လိုသိရပြီး လက်ရှိမှာ မူးဝေနေတာကလွဲလို အခြားနှိပ်စက်ခံထားရတဲ့လက္ခဏာမရှိကြောင်းနဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို အရေးယူဖို အမှုဖွင့်ထားတာလည်းမရှိဘူးလို သိရပါတယ်။
#mhtnews