“ရန်ကုန်မှာ ယနေ့ စက်သုံးဆီ 92 Ron တစ်လီတာ ၂၄၀၀ ကျပ်သို ထပ်မံမြင့်တက်”

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ (သြဂုတ် ၂၀ ရက်)မှာထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်း လက်လီစျေးနှုန်းမှာ ရန်ကုန်တိုင်းအတွင်း 92 Ron တစ်လီတာကို ၂၄၀၀ ကျပ်ဖြစ်ပြီး ယမန်နေ့က ၂၃၅၅ ကျပ်ရှိခဲ့ရာကနေ ၄၅ ကျပ် ထပ်မံမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာတော့ ယမန်နေ့က ၂၄၀၀ ကျပ်ရှိခဲ့တဲ့ 92 Ron တစ်လီဟာ ဒီကနေ့နေ့မှာ ၂၄၅၀ ကျပ်အထိတက်လာခဲ့သလို နေပြည်တော်မှာဆိုရင်လည်း 92 Ron တစ်လီတာဈေးနှုန်းဟာ ၂၃၉၅ ကျပ်ရှိခဲ့ရာကနေ ဒီကနေ့မှာ ၂၄၄၅ ကျပ်သို တက်လာခဲ့ပါတယ်။

ထိုအတူ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ လားရှိး၊ တောင်ကြီး၊ လွိင်ကော်တိုမှာ 92 Ron တစ်လီတာဈေးနှုန်းဟာ ၂၄၀၀ ကျပ်အထက်မှာရှိနေပြီး မြစ်ကြီးနားနဲ့ စစ်တွေတိုမှာ ၂၅၀၀ ကျပ်အထက်မှာ ရှိနေကာ ဟားခါးမှာ ၂၇၀၀ ကျပ်အထက်နဲ့ ကျိုင်းတုံမြိုမှာဆိုရင် ၂၉၃၀ ကျပ်အထိ မြင့်တက်လာတာ တွေ့ရပါတယ်။
#mhtnews