စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ (သြဂုတ် ၁၃ ရက်)မှာထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်း လက်လီစျေးနှုန်းမှာ ရန်ကုန်တိုင်းအတွင်း 92 Ron တစ်လီတာကို ၂၃၂၀ ကျပ်ဖြစ်ပြီး ယမန်နေ့က ၂၂၄၅ ကျပ်ရှိခဲ့ရာကနေ ၇၅ ကျပ် ထပ်မံမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာတော့ ယမန်နေ့က ၂၂၉၅ ကျပ်ရှိခဲ့တဲ့ 92 Ron တစ်လီဟာ ဒီကနေ့နေ့မှာ ၂၃၆၅ ကျပ်အထိတက်လာခဲ့သလို နေပြည်တော်မှာဆိုရင်လည်း 92 Ron တစ်လီတာဈေးနှုန်းဟာ ၂၂၉၀ ကျပ်ကနေ ဒီကနေ့မှာ ၂၃၆၀ ကျပ်သို တက်လာခဲ့ပါတယ်။
ထိုအတူ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်တိုမှာ 92 Ron တစ်လီတာဈေးနှုန်းဟာ ၂၃၀၀ အထက်မှာရှိနေပြီး မြစ်ကြီးနား၊ စစ်တွေ၊ လားရှိး၊ တောင်ကြီး၊ လွိင်ကော်တိုမှာ ၂၄၀၀ နဲ့ ၂၄၀၀ အထက်မှာ ရှိနေကာ
ဟားခါးမှာ ၂၆၀၀ ကျပ်အထက်နဲ့ ကျိုင်းတုံမြိုမှာဆိုရင် ၂၈၅၅ ကျပ်အထိ မြင့်တက်လာတာ တွေ့ရပါတယ်။
#mhtnews
Recent Comments