
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊မိုးကောင်းရတနာကလေးဆေးရုံကို ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်ညက ရှော့တိုက်ဒုံးဖြင့် ပစ်ခဲ့သော အကြမ်းဖက်ခေါင်းဆောင် ဒေါက်တာပြည့်ဖြိုးပိုင် ဦးဆောင်သည့် NUG လက်ပါးစေ ငါးဦးကိုလက်နက် ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု လုံခြုံရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဥ်တွင် ပါဝင်သည့် တရားခံများအနက် အကြမ်းဖက်သမားများကို ပို့ဆောင်ပေးသော ကားသမား သန်းနိုင်နှင့် ဖီလ်ဒါကားကိုဩဂုတ် ၄ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ရာမှ ၎င်း၏ ထွက်ဆိုချက်အရ ရွှေပြည်သာမြို့၊ (၅) ရပ်ကွက် ဒေါ်လွင်လွင်သက်အဆောင်တွင်နေသော ဂျယ်လီကို ဩဂုတ် ၆ ရက်တွင်လည်းကောင်း၊ တိုက်ခိုက်မှုကို ချိတ်ဆက်ဆောင်ရွက်ပေးသူ မိုက် (ခေါ်) ဇော်ကြီးအား ရွှေပြည်သာမြို့ (၆) ရပ်ကွက်ရှိ သူ၏နေအိမ်မှလည်းကောင်း၊ ရှော့တိုက်ဒုံးများသိမ်းဆည်းပေးသူ နှင့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါက်တာပြည့်ဖြိုးပိုင်အား ရွှေပြည်သာမြို့၊(ထ/၁၆)ရပ်ကွက်နေအိမ်တွင် ရှော့တိုက်ဒုံး ၉ လုံး၊ ပို့ကျည် ၉ ခု၊ Sigsauer ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခု၊ Glock ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခု၊ပွိုင့် ၃၈၀ ကျည် ၇၅ တောင့်၊ ၉ မမကျည် ၅၀ တောင့်၊အသံတိတ်ပြောင်းတစ်ခုကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ််သည်။
ထို့အပြင် ဩဂုတ် ၇ ရက်နေ့တွင် လည်း ယင်းတိိုက်ခိုက်မှုအတွက် စောင့်ကြည့်ပေးသူ ပင်ဒါ(ခေါ်) မင်းမင်းဦးကို ရွှေပေါက္ကံမြို့ (၂၁) ရပ်ကွက်နေအိမ်မှထပ်မံ ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
#mhtnews
Recent Comments