စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ (သြဂုတ် ၈ ရက်)မှာထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်း လက်လီစျေးနှုန်းမှာ ရန်ကုန်တိုင်းအတွင်း 92 Ron တစ်လီတာကို ၁၈၂၀ ကျပ်ဖြစ်ပြီး ယမန်နေ့က ၁၆၁၅ ကျပ်ရှိခဲ့ရာကနေ ၂၀၅ ကျပ် တက်လာခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာတော့ ယမန်နေ့က ၁၇၀၀ ကျပ်အောက်ရှိခဲ့တဲ့ 92 Ron တစ်လီဟာ ဒီကနေ့နေ့မှာ ၁၈၇၀ ကျပ်သိုတက်လာခဲ့သလို နေပြည်တော်မှာဆိုရင်လည်း 92 Ron တစ်လီတာဈေးနှုန်းဟာ ဒီကနေ့မှာ ၁၈၆၀ ကျပ်သို တက်လာခဲ့ပါတယ်။

ထိုအတူ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ လားရှိး၊ တောင်ကြီးတိုမှာလည်း 92 Ron တစ်လီတာဈေးနှုန်းဟာ ၁၈၀၀ ကျပ်အထက်ကို တက်လာခဲ့တာ တွေ့ရပါတယ်။
#mhtnews