စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ (သြဂုတ် ၁၁ ရက်)မှာထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်း လက်လီစျေးနှုန်းမှာ ရန်ကုန်တိုင်းအတွင်း 92 Ron တစ်လီတာကို ၂၁၄၀ ကျပ်ဖြစ်ပြီး ယမန်နေ့က ၁၈၆၀ ကျပ်ရှိခဲ့ရာကနေ ၂၈၀ ကျပ်အထိ ထပ်မံမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာတော့ ယမန်နေ့က ၁၉၀၅ ကျပ်ရှိခဲ့တဲ့ 92 Ron တစ်လီဟာ ဒီကနေ့နေ့မှာ ၂၁၈၅ ကျပ်အထိတက်လာခဲ့သလို နေပြည်တော်မှာဆိုရင်လည်း 92 Ron တစ်လီတာဈေးနှုန်းဟာ ၁၉၀၀ ကျပ်ရှိခဲ့ရာကနေ ဒီကနေ့မှာ ၂၁၈၀ ကျပ်သို တက်လာခဲ့ပါတယ်။

ထိုအတူ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ မြစ်ကြီးနား၊ စစ်တွေ၊ ဘားအံ၊ မော်လမြိုင်၊ လားရှိး၊ တောင်ကြီး၊ လွိင်ကော်၊ ဟားခါး၊ ကျိုင်းတုံမြိုတိုမှာ 92 Ron တစ်လီတာဈေးနှုန်းဟာ ၂၀၀၀ ကျပ်အထက်ကို အသီးသီးမြင့်တက်လာခဲ့တာ တွေ့ရပါတယ်။
#mhtnews