စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ (သြဂုတ် ၉ ရက်)မှာထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်း လက်လီစျေးနှုန်းမှာ ရန်ကုန်တိုင်းအတွင်း 92 Ron တစ်လီတာကို ၁၈၆၀ ကျပ်ဖြစ်ပြီး ယမန်နေ့က ၁၈၂၀ ကျပ်ရှိခဲ့ရာကနေ ၄၀ ကျပ် ထပ်မံမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာတော့ ယမန်နေ့က ၁၈၇၀ ကျပ်အောက်ရှိခဲ့တဲ့ 92 Ron တစ်လီဟာ ဒီကနေ့နေ့မှာ ၁၉၀၅ ကျပ်သိုတက်လာခဲ့သလို နေပြည်တော်မှာဆိုရင်လည်း 92 Ron တစ်လီတာဈေးနှုန်းဟာ ၁၈၆၀ ကျပ်ရှိခဲ့ရာကနေ ဒီကနေ့မှာ ၁၉၀၀ ကျပ်သို တက်လာခဲ့ပါတယ်။
ထိုအတူ ပဲခူး၊ ပုသိမ်နဲ့ ဘားအံမြိုတိုမှာ 92 Ron တစ်လီတာဈေးနှုန်းဟာ ၁၈၀၀ ကျပ်အထက်မှာရှိနေပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ မြိုနယ်တွေမှာ ၁၉၀၀ ကျပ်အထက်နဲ့ ၂၀၀၀ ကျပ်အထက်သို တက်လာခဲ့တာ တွေ့ရပါတယ်။
#mhtnews
Recent Comments