ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ (၁)ရက်မှ ဩဂုတ်လ ၁၂ ရက်အထိ ၄ လကျော်ကာလအတွင်း ပြည်ပသို ပဲမျိုးစုံတင်ပိုမှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၆၀ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပနိုင်ငံများထံ ပဲမျိုးစုံတင်ပိုရာ၌ ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံတန်ချိန် ၄၆၁၄၄၈ ဒသမ ၂၀၁ တန်၊ တန်ဖိုးအနေ ဖြင့် အမေရိကန်ဒေါ်လာ ၃၆၉ ဒသမ ၀၈၉ သန်းရရှိခဲ့ခြင်းဖြစ်ပြီး နယ်စပ်မှ ပဲမျိုးစုံတန်ချိန် ၁၃၉၇၇၇ ဒသမ ၉၆၇ တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၉၄ ဒသမ ၁၆၆ သန်း၊ စုစုပေါင်း တန်ချိန် ၆၀၁၂၂၆ ဒသမ ၁၆၈ တန်မှ တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၄၆၃ ဒသမ ၂၅၅ သန်း တင်ပို နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေသလို မြန်မာနိုင်ငံမှ တင်ပိုသည့် ပိုကုန်အများစုမှာ လယ်ယာထွက်ကုန်ပစ္စည်း ပဲမျိုးစုံသည်လည်းအဓိက ပိုကုန်တွင် ပါဝင်ကြောင်းသိရသည်။
#mhtnews