ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြိုရှိ မြိုမရဲစခန်းအနီးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ၆ ဦးကို ယမန်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
“လက်ရှိကတော့ ခြေရာခံမှုတွေအရ သံသယရှိတာကြောင့် ခေါ်ယူစစ်ဆေးတာပေါ့နော်။ ပြစ်မှုကျူးလွန်တာမရှိရင် ပြန်လွှတ်ပေးမှာပါ။ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ရင်တော့ ဥပဒေအရ အရေးယူတာခံရမှာပေါ့။” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်နေ့ ညပိုင်တွင် မြိုမရဲစခန်းအနောက်ဘက်ရှိ စိုက်ပျိုးရေးဘဏ်အနီးတွင် ဗုံး ၂ လုံးဆက်တိုက်ပေါက် ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း လုံခြုံရေးအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။
#mhtnews
Recent Comments