မကွေးတိုင်းဒေသကြီး၊ မြိုင်မြိုနယ်၊ တွင်းမကျေးရွာ၌ သြဂုတ် ၆ ရက်နေ့တွင် အကြမ်းဖက် NUG လက်ပါးစေများမှ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၁၁ ဦးကို အစုလိုက် အပုံလိုက် သတ်ဖြတ်ခဲ့ကြသည်ဟု လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ တွင်းမကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲဝင်များနှင့် အကြမ်းဖက်များအကြား ထိတွေ့မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများမှာ အထိအခိုက်များစွာဖြင့် ထွက်ပြေးစဥ် အဆိုပါတွင်းမကျေးရွာသိုဝင်ရောက်၍ တွေ့သမျှလူကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်များကိုလည်း မီးရှိဖျက်ဆီးခဲ့သည်ဟုဆိုသည်။

ထိုသိုပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သား ၁၁ ဦးသေဆုံးကာ ၁၂ ဦးမှာ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် ဆေးရုံသို ပိုဆောင်ထားရသည်ဟု သိရသည်။
#mhtnews