
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၌ အပြစ်မဲ့ အရပ်သားများကို “ဒလန်” ဟုစွတ်စွဲကာ သတ်ဖြတ် ခိုင်းနေသူ ၂ ဦးကို လုံခြုံရေးအဖွဲ့ဝင်များက သြဂုတ် ၁၃ ရက် နေ့လည်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးရမိသူများမှာ မြန်အောင်မြို့နယ်၊ ၊အင်ပင်မြို့၊ကညင်ငူကျေးရွာတွင်နေထိုင်သည့် ကိုဝေပိုင်ဖြိုး(၃၃)နှစ်နှင့် ဇနီးဖြစ်သူ မစံပယ်အောင်အောင်(၃၄)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးသည် နိုဝင်ဘာလတွင် နစက၏ လွတ်ငြိမ်းဖြင့်ပြန်လည်လွတ်မြောက်လာသူများဖြစ်သည်ဟုဆိုသည်။
ထိုသို့ ပြန်လည်လွတ်မြောက်လာပြီးနောက် ၎င်းတို့ ဖမ်းဆီးခံရခြင်းမှာ တစ်ရွာတည်းနေ USDP ပါတီဝန်းရံသူဒေါ်သန္တာစိုးမှ တိုင်ကြားခဲ့ သည် ဟုဆိုကာ ရန်ငြှိုးထားပြီး အကြမ်းဖက် အဖွဲ့များထံသို့ ဒေါ်သန္တာစိုးအပါအဝင် ၎င်းတို့မကျေနပ်သူ ၆ ဦး၏ အမည်စာရင်းပေးကာ “ဒလန်”ဟုစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ရန် သတင်းပေးခဲ့သည်ဟု ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့ကြသူများအား ထပ်မံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
#mhtnews
Recent Comments