အစိုးရဘဏ်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ် နှင့် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တိုကိုပေါင်း၍ ကူးသန်းရောင်းဝယ်ရေးဘဏ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို ကူးသန်းရောင်းဝယ်ရေးဘဏ်အဖြး် ဆောင်ရွက်နိုင်ရန် စီမံ/ဘဏ္ဍာဝန်ကြီးဌာနက ၂ဝ၂၁ ခုနှစ် အောက်တိုဘာလတွင် ဖွဲစည်းခဲ့သော စီမံကိန်းစီမံခန့်ခွဲမှုအဖွဲနှင့် ၎င်း၏ လုပ်ငန်း တာဝန်များကို ယခုနှစ်(၂ဝ၂၂ ခုနှစ်) ဇွန်လ ၂၃ ရက်တွင် ပြင်ဆင်ဖွဲစည်းခဲ့သည်ဟု ဆိုသည်။

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၏ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ဥပဒေနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်သို ရွှေ့ပြောင်းနိုင်ရေး၊ ဘဏ်နှစ်ဘဏ်က လက်ရှိဆောင်ရွက်လျက်ရှိသော ဘဏ်လုပ်ငန်းများပူးပေါင်းနိုင်ရေးနှင့် ဘဏ္ဍာရေး တောင့်တင်းခိုင်မာပြီး ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်မှုစွမ်းအားမြင့်မားသော ကူးသန်းရောင်းဝယ်ရေးဘဏ် ထူထောင်နိုင်ရေး လိုအပ်သည့်လုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
#mhtnews