မြန်မာနိုင်ငံမှ စီးပွားရေးကိုယ်စားလှယ်အဖွဲသည် ယခုနှစ်အတွင်း ဘီလာရုစ်နိုင်ငံသို လာရောက်ရန် စီစဉ်ထားကြောင်း သြဂုတ် ၉ ရက်တွင် မင့်စ်က်မြို၌ပြုလုပ်သည့် ဘီလာရုစ် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးအသင်း (BelCCI) ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းအသင်းဥက္ကဋ္ဌ မီခေးမီယက်လီကော့ဗ် က ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ BelCCI ဥက္ကဋ္ဌ မီခေးမီယက်လီကော့ဗ်နှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှအပ်ခြင်းခံရသော မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးတို တွေ့ဆုံရာတွင် ယင်းကိစ္စကို ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

၎င်းတိုနှစ်ဦး၏ ဆွေးနွေးမှုအတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေး၌ ဘီလာရုစ်-မြန်မာပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေး အဆက်အသွယ်အရှိန်မြှင့်မည့် အလားအလာများ၊ ယခုနှစ်အတွင်း ဘီလာရုစ်သို မြန်မာစီးပွားရေး ကိုယ်စားလှယ်အဖွဲ လာရောက်ခြင်းအပါအဝင် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာပွဲများ ကျင်းပရန် အခွင့်အလမ်းများ ပါဝင်သည်ဟု သိရသည်။
#mhtnews