မြန်မာတစ်နိုင်ငံလုံး၌ (၂၄) နာရီအတွင်း ဓာတ်ခွဲနမူနာ ၅ ထောင် ကျော်ကို စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူ ပြည်တွင်းကူးစက်မှုဖြစ်ဟုဆို ၃၃ ဦးတွေ့ရှိခဲ့ပြီး ၎င်းတိုအနက် ၂၈ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကာ ကျန် ၅ ဦးမှာ ပြည်ပမှဝင်ရောက်လာသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ် ၂၀ ရက် ည ၈ နာရီမှ သြဂုတ် ၂၁ ရက် ည ၈ နာရီအထိ မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်- ၁၉ ရောဂါ ဓါတ်ခွဲနမူနာစုစုပေါင်း (၅၈၉၉) ခုကို စစ်ဆေးခဲ့ရာ ဓါတ်ခွဲအတည်ပြုလူနာသစ် (၃၃) ဦးတွေ့ရှိရသဖြင့် ကူးစက်မှု (၀ ဒဿမ ၅၆ ) ရာခိုင်နှုန်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများကို လေ့လာသုံးသပ်ကြည့်ရာတွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်သည်ဟု သိရသည်။
#mhtnews
Recent Comments