မြန်မာတစ်နိုင်ငံလုံး၌ (၂၄) နာရီအတွင်း ဓာတ်ခွဲနမူနာ ၇ ထောင်ကို စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူ ၁၈ ဦးတွေ့ရှိခဲ့ပြီး ကိုဗစ်ကြောင့် ထပ်မံသေဆုံးသူ မရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ် ၁၄ ရက် ည ၈ နာရီမှ သြဂုတ် ၁၅ ရက် ည ၈ နာရီအထိ မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်- ၁၉ ရောဂါ ဓါတ်ခွဲနမူနာစုစုပေါင်း (၇၀၉၇) ခုကို စစ်ဆေးခဲ့ရာ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၈) ဦးတွေ့ရှိရသဖြင့် ကူးစက်မှု (၀ ဒဿမ ၂၅) ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများကို လေ့လာသုံးသပ်ကြည့်ရာတွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်သည်ဟု သိရသည်။
#mhtnews
Recent Comments