“မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၃၈ ဦးရှိ”

မြန်မာတစ်နိုင်ငံလုံး၌ (၂၄) နာရီအတွင်း ဓာတ်ခွဲနမူနာ ၅ ထောင်ကို စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူ ၃၈ ဦးတွေ့ရှိခဲ့ပြီး ကိုဗစ်ကြောင့် ထပ်မံသေဆုံးသူ မရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၁၁ ရက် ည ၈ နာရီမှ သြဂုတ် ၁၂ ရက် ည ၈ နာရီအထိ မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်- ၁၉ ရောဂါ ဓါတ်ခွဲနမူနာစုစုပေါင်း (၅၆၇၄) ခုကို စစ်ဆေးခဲ့ရာ ဓါတ်ခွဲအတည်ပြုလူနာသစ် (၃၈) ဦးတွေ့ရှိရသဖြင့် ကူးစက်မှု (၀ ဒဿမ ၆၇) ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများကို လေ့လာသုံးသပ်ကြည့်ရာတွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်သည်ဟု သိရသည်။
#mhtnews