ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုပေါ်၌ ဓားထောက်လုယက်မှုကျူးလွန်နေသည့် လူ ၈ ဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ ရဲတပ်ဖွဲမှ ဖမ်းဆီးရမိထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အဆိုပါ လူငယ်များသည် မြစ်ကြီးနားမြိုပေါ်ရပ်ကွက် လမ်းမပေါ်နှင့် လမ်းကြိုလမ်းကြား၊ လူပြတ်သည့်နေရာများတွင် ဆိုင်ကယ်၊ ဖုန်းများ လုယက်နေသူများဖြစ်ပြီး ၎င်းတိုထံမှ ဆိုင်ကယ် ၉ စီးနှင့် လက်ကိုင်ဖုန်း ၁၂ လုံးတိုကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများကိာ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကာ သိမ်းဆည်းရမိထားသည့် ဆိုင်ကယ်နှင့် ဖုန်း များကို မူလပိုင်ရှင်များလက်ဝယ် ပြန်လည်ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews