စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြိုနယ်၌ Elite ခရီးသည်တင်ယာဉ်တစ်စီး အကြမ်းဖက်ခံရမှုဖြစ်စဥ်အတွင်း သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှထုတ်ပြန်သောသတင်းအရ သိရသည်။

မြင်းမူမြိုနယ်၊ ဂွေးပင်တောကျေးရွာအနီး မန္တလေး – မုံရွာ ကားလမ်းပေါ်၌ ဩဂုတ် ၁၂ ရက်ညနေ ၅ နာရီခွဲခန့်တွင် ရန်ကုန်- မုံရွာပြေးဆွဲနေသော Elite ခရီးသည်တင်ယာဥ်တစ်စီးကို အကြမ်းဖက် NUG လက်ပါးစေများက လက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်အတွင်း မော်တော်ယာဉ်နှင့် မော်တော်ယာဉ်လိုင်းဝန်ထမ်း ၄ ဦး၊ ခရီးသည် ၁၁ ဦးတိုကိုလည်း အကြမ်းဖက်အုပ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသဖြင့် အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရေးနှင့် အကြမ်းဖက်အုပ်စုကို အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲဝင်များက ရှာဖွေပိတ်ဆိုစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#mhtnews