မွန်ပြည်နယ်၊မော်လမြိုင်မြို၊အောင်သုခရပ်ကွက်၊ဓာတ်ပေါင်းစေတီလမ်းရှိ ၂ ထပ်နေအိမ်တစ်လုံးအတွင်းသို မျက်နှာဖုံးတပ်ပြီး ဓားများကိုင်ဆောင်ထားသည့် အမျိုးသား ဓားပြ ၂ ဦးမှ ဝင်ရောက် ဓားပြတိုက်ခဲ့သည့်ဖြစ်စဥ်တစ်ခု ယနေ့ (သြဂုတ် ၁၈ ရက်)နံနက်အစောပိုင်းကဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုသို ဝင်ရောက်လာပြီးနောက် နေအိမ်အောက်ထပ်တွင်ရှိနေသည့် မသီတာဝင်း(၄၄)နှစ်၏ လည်ပင်းကိုဓားဖြင့်ထိုး၍ အပေါ်ထပ်သိုတက်ကာ အမျိုးသမီးကြီးတစ်ဦးကို ဓားဖြင့်ထောက်ပြီးဝတ်ဆင်ထားသည့် ဆွဲကြိုးနှင့်လက်ကောက်တိုအား လုယက်ယူဆောင်သွားခဲ့ကြသည်ဟုဆိုသည်။

ယင်းဖြစ်စဥ်အတွင်း မသီတာဝင်းသည် ညာဘက်လည်ပင်း၌ ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ဖြစ်စဥ်အပေါ် မော်လမြိုင်မြိုမရဲစခန်းက အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#mhtnews