ရခိုင်ပြည်နယ် မောင်တောမြိုနယ်၊ ဘူးသီးတောင်မြိုနယ်နှင့် ချင်းပြည်နယ် ပလက်ဝမြိုနယ်တို၌ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအား ၎င်းတိုရရှိသည့် မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စအနေဖြင့် ဆက်လက်ခံစားခွင့်ပြုခဲ့ကြောင်း စီမံ/ဘဏ္ဍာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးအမှတ်စဥ်(၄/၂၀၂၂)၏ ခွင့်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာအမှတ်(၆၂/၂၀၂၂)နှင့် (၆၃/၂၀၂၂)တိုဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာခဲ့ခြင်းဖြစ်သည်။

ထိုသို ဆက်လက်ခံစားခွင့်ပြုရာတွင် ယင်း ဒေသများ၏ လက်ရှိအခြေအနေအရ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများအတွက် ဆက်လက်ခံစားခွင့်ပြုခဲ့ခြင်းဖြစ်ပြီး မောင်တောမြိုနယ်နှင့်ဘူးသီးတောင်မြိုနယ်တိုတွင် တာဝန်ထမ်းဆောင်နေသည့် နေ့စားအလုပ်သမားများကိုလည်း တစ်ရက်လုပ်ခ ငွေကျပ် ၆၅၀၀ နှုန်းကို အထူးကိစ္စအနေဖြင့်ဆက် လက်ခံစားခွင့်ပြုကြောင်း သိရသည်။
#mhtnews