မူးယစ်ဆေးအလွန်အကျွံသုံးပြီး သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းတစ်လောင်းကို သြဂုတ် ၇ ရက်၊ ညနေပိုင်းက မြစ်ကြီးနားမြို၊ အောင်နန်းရပ်ကွက်ရှိ စူပါဝမ်း တည်းခိုခန်းမှာ တွေ့ရှိခဲ့တယ်လို ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ကသာမြိုနယ်မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုရဲရင့်ကျော် ဆိုသူဖြစ်ပြီး ဝိုင်းမော်မြိုနယ်မှာ လာရောက် အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို ဆိုပါတယ်။

အဆိုပါတည်းခိုခန်းမှာပဲ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကလည်း မိုးကောင်းမြိုကို ပြန်မယ့် လူငယ်တစ်ဦး မူးယစ်ဆေး အလွန်အကျွံ သုံးစွဲပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့သေးတယ်လို ဒေသဆိုင်ရာ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
#mhtnews