စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုနယ် မြောက်ဘက်အထွက်မှာရှိတဲ့ ရေအိုးစဥ်ကျေးရွာအနီးက စုပေါင်းစစ်ဆေးရေးဂိတ်မှာ ယမန်နေ့ (သြဂုတ် ၁၉ ရက်) မနက်ပိုင်းက ရန်ကုန်ကနေ ရေဦးမြိုဘက်ကို မောင်းလာတဲ့ “သစ္စာဦး” ခရီးသည်တင်ကားပေါ်ကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အကြမ်းဖက်အုပ်စုက M-4 သေနတ် ၁ လက်၊ ပစ္စတိုသေနတ် ၄ လက်၊ ၉-မမ ကျည်ဆံ ၅ ရာကျော်၊ ဒရုန်း ၁ စီးတိုကို ဆောင်းဘောက်နဲ့ အဲယားကိုလာထဲထည့်ပြီး Express ကားပေါ်မှာ ဝှက်သယ်လာတာလိုဆိုပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေကို ဖမ်းဆီးထားသလို ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဝန်းမှာရှိတဲ့ သစ္စာဦးဂိတ်က ဂိတ်တာဝန်ခံနဲ့ စာရေးမ ၂ ဦးကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို သိရပါတယ်။
#mhtnews