စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြိုနယ်အတွင်း အကြမ်းဖက်သောင်းကျန်းနေတဲ့ NUG လက်ပါးစေအုပ်စုကို ယမန်နေ့ (သြဂုတ် ၇ ရက်) မှာ လုံခြုံရေးပူးပေါင်းတပ်ဖွဲက အကြမ်းဖက်ရှင်းလင်းရေးဆောင်ရွက်ခဲ့တယ်လို လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

လုံခြုံရေးပူးပေါင်းတပ်ဖွဲဝင်တွေဟာ မုံရွာမြိုနယ်၊ သပြေပင်ကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက် NUG လက်ပါးစေ စခန်းတစ်ခုကို ဝင်းရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

အဆိုပါ တိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲအနေနဲ့ ထိခိုက်မှုမရှိဘဲ အကြမ်းဖက် NUG လက်ပါးစေ ၃ ကောင်ကို အသေဖမ်းမိခဲ့ပြီး လက်လုပ်သေနတ် ၂၄ လက်၊ လက်လုပ်စိန် ပြောင်း ၄ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၆၅ လုံး၊ ယမ်းကြိုး ခွေ ၁ ခွေနဲ့ လမ်းလျှောက်စကားပြောစက် ၁ လုံးတိုကို သိမ်းပိုက်ရရှိခဲ့တယ်လို သိရပါတယ်။
#mhtnews