စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ ဒေါနခြံရပ်ကွက် ၊ ဆေးရုံကြီးလမ်း ၊ အထက ၂ ကျောင်းဘေးမှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီရုံးပေါ်က အရိုးကျနေပြီဖြစ်တဲ့ ရုပ်အလောင်း ၁ လောင်းကို သြဂုတ် ၉ ရက် ညနေ ၃ နာရီဝန်းကျင်က တွေ့ရတယ်လို ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ လူငယ်ရေးရာကော်မတီဟာ သပိတ်တွေမဖြစ်ခင်အထိ လက်ရှိဖမ်းဆီးခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ဝေမိုးနိုင်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အစောင့်အရှောက်မရှိဘဲ ထားခဲ့တာကြာပြီလိုဆိုပါတယ်။
လက်ရှိမှာ အဲဒီ အရိုးကျနေတဲ့ ရူပ်အလောင်းကို မှုခင်းဆေးပညာအရ စစ်ဆေးနေပြီး ဒဏ်ရာတစုံတခုရလို အဆောက်ဦးပေါ် တက်ပုန်ရင်း သေဆုံးသွားတာဖြစ်နိုင်သလို အဆိုပါ အဆောက်ဦးပေါ်မှာ လူသတ်မှုဖြစ်ခဲ့တာလည်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတွေ ပြောဆိုထားတယ်လို သိရပါတယ်။
#mhtnews
Recent Comments